ချန်ခဲ့ (Idiots)

 ကိုယ်ဟာ အနာဂဏ်မဲ့သူပါ

အတောင်တွေကြွေနေတဲ့ ငှက်ပမာ

ကိုယ်ဟာ ဘာမှအသုံးမဝင်တာ၏

မင်းလေးနဲ့ မတန်ပါဘူး

နင်ဟာ မနက်ခင်းအလင်းရောင်လို

ပုံဖော်စ ပန်းချီကားတချပ်လို

နင်ဟာ အနာဂတ်လှသူမို့

ပြန်စဉ်းစားပါ အချစ်လေး

မင်းအတွက် ငါမကောင်းခဲ့နိုင်ပဲ

ငါ့အတွက် ဘာကြောင့် စွန့်လွှတ်မလဲ

မမှားသေးခင် နောက်လှည့်နိုင်သေးတယ်

အရင်လို ငါတစ်ယောက်တည်းပဲ

စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့

ကံမကုန်ရင် ပြန်ဆုံဉီးမှာပဲ

မပျော်နိုင်တောင် အခက်အခဲမဲ့သော ဘဝမျိုးပဲ

မင်းရွေးလိုက်ပါတော့ကွယ်

စိတ်ဖြောင့်ဖို့အတွက်မှာနေလဲ

ငါကိုယ်တိုင် ကြေကွဲနေရဆဲ

ပြန်ဆုံနိုင်အောင် ဆုတောင်းရင်းပဲ

အပြီးသတ်နှုတ်ဆက်ပါတယ်

စိတ်ဖြောင့်ဖြောင့်နဲ့ပဲ ချန်ခဲ့

ယုံကြည့်ခဲ့ခြင်းများ လွဲမှား

အချိန်တွေကုန်အောင် မင်းဘဝအား

ကိုယ်ဟာ ဖြိုဖျက်ခဲ့သူပါ

မင်းခွင့်မလွှတ်ပါနဲ့လား

ကံကိုအပြစ်ပြောလဲ မထူးခြား

နင်ငိုနေရတာ ငါ့ကြောင့်ပါ

နာစရာတွေ သုံးပြီး မေ့လိုက်

သတိရဖို့ ကြုံလာတိုင်း

စိတ်ဖြောင့်ဖြောင့်သာ ချန်ခဲ့

ကံမကုန်ရင် ပြန်ဆုံဉီးမှာပဲ

မပျော်နိုင်တောင် အခက်အခဲမဲ့သော ဘဝမျိုးပဲ

မင်းရွေးလိုက်ပါတော့ကွယ်

စိတ်ဖြောင့်ဖို့အတွက် မှာနေလဲ

ငါကိုယ်တိုင် ကြေကွဲနေရဆဲ

ပြန်ဆုံနိုင်အောင် ဆုတောင်းရင်းပဲ

အပြီးသတ်နှုတ်ဆက်ပါတယ်

စိတ်ဖြောင့်ဖြောင့်နဲ့ပဲ ချန်ခဲ့

မင်းအတွက် ငါမကောင်းခဲ့နိုင်ပဲ

ငါ့အတွက် ဘာကြောင့် စွန့်လွှတ်မလဲ

မမှားသေးခင် နောက်လှည့်နိုင်သေးတယ်

အရင်လို ငါတစ်ယောက်တည်းပဲ

ကံမကုန်ရင် ပြန်ဆုံဉီးမှာပဲ

မပျော်နိုင်တောင် အခက်အခဲမဲ့သော ဘဝမျိုးပဲ

မင်းရွေးလိုက်ပါတော့ကွယ်

စိတ်ဖြောင့်ဖို့အတွက် မှာနေလဲ

ငါကိုယ်တိုင်ကြေကွဲနေရဆဲ

ပြန်ဆုံနိုင်အောင် ဆုတောင်းရင်းပဲ

အပြီးသတ်နှုတ်ဆက်ပါတယ်

စိတ်ဖြောင့်ဖြောင့်နဲ့ပဲ ချန်ခဲ့...

စိတ်ဖြောင့်ဖြောင့်နဲ့ပဲ ချန်ခဲ့.


Comments

Popular posts from this blog

ပဌာန်းပါဠိတော်

ခရီးအဆုံးထိ (Lay Phyu)