သတ်ပုံကဗျာ

 တောတောင်စိမ်းလန်း စိတ်စွဲလမ်း

မခွဲစတမ်း နေပါမည်။


အသားမည်းမည်း အသည်းထဲ

တစ်ဦးတည်းကို ချစ်ပါမည်။


မ ပါလျှင် ဘဲ မပါ ပဲ

ကွဲကွဲပြားပြား ရေးပါမည်။


မကြာမီမှာ လာတော့မှာ

မှီခိုရတာ ကောင်းပါသည်။


ကူညီရိုင်းပင်း အချင်းချင်း

ချစ်ခင်ခြင်းဖြင့် နေပါမည်။


သတင်းကြော်ညာ ကြော်ငြာလာ

စောင့်နားထောင်ကာ နေရမည်။


မေတ္တာကရုဏာ ကကြီးပါ

သေသေချာချာ ရေးရမည်။


အပေါ်ကိုတက် တတ်မြောက်လျှင်

တက် နှင့် တတ် တို့ ကွဲရမည်။


အကျိုးရလဒ် ဒ ‌ဒွေးသတ်

ဆုလာဘ်ကိုတော့ ဘ သတ်မည်။


ခြယ်မှုန်းခြယ်လှယ် ဆောင်းတွင်းဝယ်

ချယ်ရီတွေလည်း ပေါပါသည်။


အမှိုက်ပစ်ရာ ပစ်လွတ်ကာ

အပြစ်ပေးတာ ခံရမည်။


ကျေးငှက်တွန်ကျူး ယပင့်ကျူး

လွန်ကြူးမှုကို ရှောင်ရမည်။


ရေးတော့အမှန် ဖတ်အသံ

မြန်မာမှန်က သိရမည်။


ခင်နှင်းရည် (ရန်ကုန်တက္ကသိုလ်)


Comments

Popular posts from this blog

ချန်ခဲ့ (Idiots)

ပဌာန်းပါဠိတော်

ခရီးအဆုံးထိ (Lay Phyu)