ဟေ့ဘေဘီ (ယုန်လေး၊ Dယံ၊ ‌ဂျောက်ဂျက်၊ကျော်ထွဋ်ဆွေ)



ဟေ့Babyမင်းနဲ့တွေ့တဲ့အချိန်တိုင်းမင်း

ပျော်ပျော်ရွှင်ရွှင်မနေချင်ဘူးစိတ်ပဲကောက်တယ်

ဒါတွေကိုမင်းပြင်ဆင်ဖို့မင်းစိတ်ကူးလေး

ဟေ့Babyစိတ်ကောက်ပြီးမင်းအချိန်မဖြုန်းနဲ့

ဒါတွေကိုပြင်ဆင်ရဦးမယ်

ရင်ခုန်နေရင်းဒီရင်မှာမင်းကြည်နူးပေးဟေ့


ဟေ့ Baby စိတ်ကောက်ဖို့ ချစ်တာလားပြော

အကြောင်းမရှိ အကြောင်းရှာပြီးရစ်တော့

မင်းဘက်ကအမှားပေါ့ ဆက်သည်းမခံနိုင်လည်းလစ်တော့

ချစ်ပြီးမှပြင်လို့မရတော့ သွားရော

ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်ထားတော့

အရစ်တတ်ဆုံးငါ့အချစ်ဆုံးမင်းအချိုးတွေပြင်ဆင်လိုက်ဉီး

မပြင်ဆင်လည်းအရင်လိုပဲ

ငါ့ဘက်ကတော့ဘယ်တော့မှမုန်း

မင်းပြောတဲ့နောက်ဆုံးအဲဒါကိုအကြောက်ဆုံး

ဒီလိုပဲဆက်သွားနေရင်

ပျော်ရွှင်ဖို့အချိန်တွေဘယ်မှာရှိမှာတုန်း

မတွေးမိရန်ဖြစ်ပြီးအချိန်တွေပေးပြီး

ကြိုက်တဲ့လူမေးကြည့်

အခြားကောင်တွေဆိုအနားကပြေးပြီ

စိတ်ကောက်တာ crzy ဆိုတဲ့ Baby

ငါစိတ်ထဲရှိတာလည်းပုတက်တက်နဲ့စိတ်ကောက်တဲ့ Lady


ဟေ့ Baby မင်းနဲ့တွေ့တိုင်းအချိန်တိုင်း မင်း

ပျော်ပျော်ရွှင်ရွှင်မနေချင်ဘူးစိတ်ပဲကောက်တယ်

ဒါတွေကိုမင်းပြင်ဆင်ဖို့မင်းစိတ်ကူးလေး

ဟေ့Babyစိတ်ကောက်ပြီးမင်းအချိန်မဖြုန်းနဲ့

ဒါတွေကိုပြင်ဆင်ရဉီးမယ်

ရင်ခုန်နေရင်းဒီရင်မှာမင်းကြည်နူးပေးဟေ့


ကောက်တာလျော့ဖြောင့်ပါတော့စိတ်ကိုပြောတာပါ

ပိတ်လို့ကောရမှသိပ်ကိုသဘောကျတာလား

ပြောရတာများဒေါသကပါလာတော့မှချော့ရတာကခဏခဏ

ဘာမှမထူးခြားပါလားသြော်ဒါက ဘဝဘဝ

အစစအရာရာသွားတာလာတာတစ်ဖဝါးမခွာထားပါ

အစစအရာရာဘာညာသာလကာ လာလာ

ပွားတာများကွာ ဒါကတရားလား မတရားလား

သေချာစဉ်းစားကြားလား ပြောတော့ ဘုရား ဘုရား

Ever လက်က ကားရားကားရား

တိုးတိုးပြောဟဲ့ ကြားတယ် နားကန်းမယ်

ပြောတော့ဆင်ဖမ်းမယ် ကျားဖမ်းမယ်

အဲပြီးတော့မှ နင်ခြေမရမ်းနဲ့

ရှင်ကြမ်းရင် ကျွန်မကြမ်းမယ်

ပါးနှစ်ခြမ်းကွဲအောင်လည်းချတတ်သတဲ့

ဘာသင်တန်းက ဘာခါးပတ်နဲ့

ဘာဆုရပြီးမှထွက်လာတာမှတ်လည်း

ပြသာနာရှာတတ်တယ်

လူရှေ့သူရှေ့ရှောင်မျက်နှားထားပျက်မယ်

ခက်ပါလားမသက်သာပါ ငါနဲ့စတွဲလာကတည်းက

အလံဖြုပြခဲ့တာပဲကွာ ဒါလည်းမထူးဘူး

မထင်ရင် နပန်သူချခဲ့တာ Ever...


ဟေတီမြို့မှာပြင်းပြင်းထန်ထန်ငလျင်လှုပ်တယ်ဆို

ဟိုတစ်ခါတုန်းကလည်းကြီးကြီးမားမား

ဆူနာမီကြီးတိုက်တယ်ဆို

ကမ္ဘာအလယ်ပိုင်းဒေသမိုးခေါင်ရေရှားဖြစ်တယ်ဆို

အားလုံးလက်မြှောက်သွားပါတယ်

ငါရည်းစားစိတ်ကောက်နေလို့ စည်းကမ်းနံပါတ်-၁

သူ့ကို ပြန်မဟောက်ပါနဲ့တဲ့ ခပ်ငယ်ငယ်ကောင်မလေး

အကြီးကပြန်ပြီးကြောက်ပါရဲ့

ကောက်စရာမရှိရင်

ကြံဖန်ငါကသူထက်ပိန်တယ်ဆိုပြီးကောက်ပါတယ်

နောက်ဆုံးကောက်စရာကုန်ရင် သူ့ဆံပင် သူပြန်ကောက်တာပဲ

ကောက်ယုံကောက်တာ မထင်နဲ့ဉီး

လက်ဖျားခါလောက်အောင်ရစ်တဲ့သူ

တာဝေးအရစ်ပြိုင်ပွဲသာရှိရင်သူ့ကိုနိုင်ဖို့ မဖြစ်နိုင်ဘူး

အဲဒါကခေတ်ရဲ့စတိုင်ဟု သတ်မှတ် အဲဒါအလွန်ဆိုး

ရစ်လွန်းလို့ နာမည်ပေးမယ်မင်းကို Remote Control


ဟေ့Babyမင်းနဲ့တွေ့တဲ့အချိန်တိုင်းမင်း

ပျော်ပျော်ရွှင်ရွှင်မနေချင်ဘူးစိတ်ပဲကောက်တယ်

ဒါတွေကိုမင်းပြင်ဆင်ဖို့မင်းစိတ်ကူးလေး

ဟေ့Babyစိတ်ကောက်ပြီးမင်းအချိန်မဖြုန်းနဲ့

ဒါတွေကိုပြင်ဆင်ရဦးမယ်

ရင်ခုန်နေရင်းဒီရင်မှာမင်းကြည်နူးပေးဟေ့


ဟေ့Babyမင်းနဲ့တွေ့တဲ့အချိန်တိုင်းမင်း

ပျော်ပျော်ရွှင်ရွှင်မနေချင်ဘူးစိတ်ပဲကောက်တယ်

ဒါတွေကိုမင်းပြင်ဆင်ဖို့မင်းစိတ်ကူးလေး

ဟေ့Babyစိတ်ကောက်ပြီးမင်းအချိန်မဖြုန်းနဲ့

ဒါတွေကိုပြင်ဆင်ရဦးမယ်

ရင်ခုန်နေရင်းဒီရင်မှာမင်းကြည်နူးပေးဟေ့ 

Comments

Popular posts from this blog

ချန်ခဲ့ (Idiots)

ပဌာန်းပါဠိတော်

ခရီးအဆုံးထိ (Lay Phyu)