ကြယ်တံခွန် (Eternal Gosh)

အဆင်ပြေနေတဲ့

သတင်းတွေကို ကြားတေ့ာ

မနက်ဖြန်တွေမှာ

တွေ့ရဦးမယ်ထင်မိခဲ့တာပေါ့

အချိန်တွေကိုနောက်ပြန်လှည့်လို့ရရင်

ဘယ်လောက်ကောင်းမလဲ


နေဝင်ချိန်ရောက်ခဲ့မယ်

မထင်ဘူးပေါ့

ဒီနွေရာသီခရီးထွက်မသွားခင်

တွေ့တာနောက်ဆုံးပေါ့

ပြန်လာဦးမလားမင်းကို

စောင့်မျှော်နေမိခဲ့


ခွဲခွာခြင်းဆိုတဲ့

ကံတရားတွေထဲ

လူတစ်‌‌‌ယောက်တန်ဖိုးဟာ

မရှိချိန်မှနားလည်


မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူး

ကြယ်တံခွန်မိုးသားထဲ

ခရီးထွက်သွားတော့


တကယ်ဆိုအကောင်းဆုံးပေးဆပ်သွားခဲ့တာပဲ

ကျန်တာတွေအားလုံး

နှုတ်ဆက်ထားခဲ့လိုက်တော့


သူငယ်ချင်း.....


အတူတူဘဝခရီးကြမ်းတွေ

ဖြတ်ဖူးတော့

ဒဏ်ရာကိုယ်ဆီရူးမိုက်ခြင်းတွေ

မျှဝေခဲ့ဖူးတော့

ဒီအချိန်မင်းအကြောင်းပြောရင်

မင်းကိုသိပ်လွမ်းတယ်


မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူး

ကြယ်တံခွန်မိုးသားထဲ

ခရီးထွက်သွားတော့


တကယ်ဆိုအကောင်းဆုံးပေးဆပ်သွားခဲ့တာပဲ

ကျန်တာတွေအားလုံး

နှုတ်ဆက်ထားခဲ့လိုက်တော့


သူငယ်ချင်း.....


Rest in Peace

Ko Raymond.....


ခွဲခွာခြင်းဆိုတဲ့

ကံတရားတွေထဲ

လူတစ်ယောက်တန်ဖိုးဟာ

မရှိချိန်မှနားလည်


မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူး

ကြယ်တံခွန်မိုးသားထဲ

ခရီးထွက်သွားတော့


တကယ်ဆိုအကောင်းဆုံးပေးဆပ်သွားခဲ့တာပဲ

ကျန်တာတွေအားလုံး

နှုတ်ဆက်ထားခဲ့လိုက်တော့


မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူး

အကောင်းဆုံးပေးဆပ်သွားခဲ့တာပဲ

ကြယ်တံခွန်မိုးသားထဲ

ခရီးဆက်သွားတော့

ဒီအိမ်မက်တွေထဲ

လွမ်းနေမယ်


သူငယ်ချင်း.....


အဆင်ပြေနေတဲ့

သတင်းတွေကိုကြားတေ့ာ

မနက်ဖြန်တွေမှာ

တွေ့ရဦးမယ်ထင်မိခဲ့တာပေါ့

အချိန်ကိုနောက်ပြန်လှည့်လို့ရရင်

ဘယ်လောက်ကောင်းမလဲ

Comments

Popular posts from this blog

ချန်ခဲ့ (Idiots)

ပဌာန်းပါဠိတော်

ခရီးအဆုံးထိ (Lay Phyu)