ခြေထောက် (Eternal Gosh)
ဒဏ်ရာတွေကို မြင်သာအောင် မကြော်ငြာတော့ဘူး
တိတ်တိတ်လေးပဲသိမ်းထားလိုက်မယ်
ငိုသံတွေဟာတိမ်လိုလေလို မပျံနိုင်တော့လည်း
မင်းလေးမသိတဲ့ငါရဲ့ မျက်ရည်
ကိုယ်ခံစားရတာကိုယ်ကိုယ်တိုင်ပဲသိတယ်
ဘယ်သူကိုယ်ချင်းစာပေးမှာလဲငါ့နေရာထဲ
နွေလိုပူတယ်ဒီရင်ခွင်မှာ ကန္တာရပဲ
မင်းလေးပေးတဲ့ စိတ်ဒုက္ခတွေ...
အချိန်တန်ရင် အချိန်တန်ရင် ပြန်လာပါလို့
မေးခွန်းလေးတွေ မေးဆဲပေါ့ကွယ်
ငါ့ဘဝကိုမင်းနားလည်ပါတယ်ဆို
အခုဘာကြောင့်ထားခဲ့တာလဲငါ့တစ်ယောက်ထဲ
အားငယ်တဲ့အချိန်လေးပဲရှိရင်ငါကျေနပ်တယ်
မင်းကိုမစွန့်လွှတ်နိုင်သေးလို့
မင်းလောက်ဘယ်သူ့မှမချစ်ခဲ့ပါဘူး
မင်းလောက်ဘယ်သူ့မှမလွမ်းခဲ့ပါဘူး
သတိရခြင်းရယ်စိတ်နာခြင်းရယ်ရောထွေးနေတယ်...
ငါ့ဘက်ကသာ လွမ်းနေရတာပါပဲ...
သတိရတဲ့အကြောင်းတောင်မပြောခဲ့သူရယ်
တဖြည်းဖြည်းတွေးရင်းစိတ်နာတယ်
ဆယ်ခါတစ်ခါပြန်မလာရင်မေ့နိုင်အောင်ကြိုးစားပါ့မယ်
အိုး...ဟို...
ကိုယ်ခံစားရတာကိုယ်ကိုယ်တိုင်ပဲသိတယ်
ဘယ်သူကိုယ်ချင်းစာပေးမှာလဲ ငါ့နေရာထဲ...
အားငယ်တဲ့အချိန်လေးပဲရှိရင်ငါကျေနပ်တယ်
မင်းကိုမစွန့်လွှတ်နိုင်သေးလို့...
မင်းလောက်ဘယ်သူ့မှမချစ်ခဲ့ပါဘူး
မင်းလောက်ဘယ်သူ့မှမလွမ်းခဲ့ပါဘူး
သတိရခြင်းရယ်စိတ်နာခြင်းရယ်ရောထွေးနေတယ်
ငါ့ဘက်ကသာ လွမ်းနေရတာပါပဲ
သတိရတဲ့အကြောင်းတောင်မပြောခဲ့သူရယ်
တဖြည်းဖြည်းတွေးရင်းစိတ်နာတယ်
ဆယ်ခါတစ်ခါပြန်မလာရင်မေ့နိုင်အောင်ကြိုးစားပါ့မယ်
ဆယ်ခါတစ်ခါပြန်မလာရင်မေ့နိုင်အောင်ကြိုးစားပါ့မယ်
ဟို...
Comments
Post a Comment