ဝမ်းနည်းတတ်တဲ့ချစ်သူ (Idiots)

 အားတင်းထားပါဉီး

မငိုနဲ့ကွာဆက်ပြီးတော့

အရှုံးမပေးဘူးနော်

ငါတို့ဘဝအတွက်ပေါ့

အတူတူကြိုးစားခဲ့တာပဲ

ကံတရားက

ထင်သလောက်တော့

မရက်စက်ခဲ့တဲ့အတွက်

တို့နှစ်‌ယောက်

မျှော်လင့်နိုင်ပါသေးတယ်

အုတ်တစ်ချပ်နဲ့

သဲတစ်ပွင့်နဲ့

ဆောက်ခဲ့ပြီးမှ

အိမ်မက်တို့

မဝေးတော့လို့

အားမလျှော့နဲ့

ဆက်လျှောက်မယ်

ဘေဘီမင်းမျက်လုံးတို့

အားဖျော့ခိုက်

ငါ့ရဲ့ပုခုံးထက်

မှေးစက်လိုက်

အခက်အခဲများအတွက်

ငါအရှေ့ကရှိတာပဲ

ဘယ်လိုအဆိုးဆုံးနေ့တို့

ဖြတ်ရလဲ

ရောင့်ရဲတဲ့အတွက်

ကျေးဇူးတင်တယ်

နောက်ထပ်အဆိုးတို့

မရှိဖို့

ကတိတွေဘဲ

လာပါ

ဝမ်းနည်းတတ်တဲ့ချစ်သူ

အားမငယ်နဲ့

ဘဝရဲ့ အဓိပ္ပာယ်ကို

ငါတို့အတူဖွင့်ပြီးတော့

ဆက်ကြိုးစားကြမယ်

ဘာများခက်လို့လဲ

မနက်သစ်မရောက်ခင်သာ

မှောင်ထုဟာကြာလွန်းခဲ့

နွေးထွေးခြင်းတို့နဲ့

နေမင်းရဲ့အလင်းရောင်

လာတော့မယ်

အုတ်တစ်ချပ်နဲ့

သဲတစ်ပွင့်နဲ့

ဆောက်ခဲ့ပြီးမှ

အိမ်မက်တို့

မဝေးတော့လို့

အားမလျှော့နဲ့

ဆက်လျှောက်မယ်

ဘေဘီမင်းမျက်လုံးတို့

အားဖျော့ခိုက်

ငါ့ရဲ့ပုခုံးထက်

မှေးဆက်လိုက်

အခက်ခဲများအတွက်

ငါအရှေ့ကရှိတာပဲ

ဘယ်လိုအဆိုးဆုံးနေ့တို့

ဖြတ်ရလဲ

ရောင့်ရဲတဲ့အတွက်

ကျေးဇူးတင်တယ်

နောက်ထပ်အဆိုးတို့

မရှိဖို့

ကတိတွေဘဲ

လာပါ

ဝမ်းနည်းတတ်တဲ့ချစ်သူ

အားမငယ်နဲ့

အားတင်းထားပါဉီး

မငိုနဲ့ကွာဆက်ပြီးတော့

အရှုံးမပေးဘူးနော်

ငါတို့ဘဝအတွက်ပေါ့

Comments

Popular posts from this blog

ချန်ခဲ့ (Idiots)

ပဌာန်းပါဠိတော်

ခရီးအဆုံးထိ (Lay Phyu)